Sunday, December 20, 2009

ကဗျာနိဒါန်း...

ကဗျာဆိုတာ

နှလုံးသားကိုခြစ်ချုပ်

အသစ်တွေရေးထုတ်မှမဟုတ်ပဲလေ...။


ပြီတော့...ကဗျာဆိုတာ

ဝေါဟာရတွေဖောင်းပွ

စကားလုံးတွေထောင်းထောင်းထနေမှမဟုတ်ဘူး...။


နှလုံးသားရဲ့မှတ်တမ်း

အချစ်၊အနမ်း

အလွမ်း၊အကြမ်း

ကျွန်တော့်အတွက်တော့

ကဗျာဆိုတာ...ရင်ကွဲပန်းပေါ့။


လျှောက်ခဲ့တဲ့လမ်း

ကြုံဘူးတဲ့အလွမ်း

မျှော်လင့်ခဲ့အနမ်းတွေကို

ပေထက်မှာစာစီ

ခါတော်မှီတင်ဆက်

တိုက်ဆိုင်လို့ ပြုံးသူပြုံးလွမ်းသူလွမ်း

အင်း...ကဗျာဆိုတဲ့ပန်းက

ဒီလိုနဲ့(၁၂)ရာသီလန်းနေတာ...။

No comments:

Post a Comment