Sunday, December 20, 2009

ကြယ်ပျက်

သူ...ဒဏ်ရာတွေနဲ့ လဲပြိုကျချိန်

တွဲခိုထဖို့ လက်တစ်စုံကမ်းခဲ့သူပါ။


သူ...မျက်ရည်တွေဝေသီချိန်

ဖြေရီဖို့ ဟာသတွေပြောခဲ့သူလေ


သူငိုမှာကို မိုးပြိုမှာထက်ကြောက်ခဲ့တဲ့သူပါ...


အဲဒီလိုပေဆပ်ခြင်းတွေအကြိမ်ကြိမ်စိုက်ပျိုးခဲ့တာတောင်

သူကတော့

ရက်စက်ခြင်းတွေနဲ့ မျှော်လင့်ချက်တွေကိုအခါခါ ရိုက်ချိုးသွားတယ်။

ညိုနေတဲ့မိုးဟာ ဒီဇင်ဘာ(၂၁)မှာတကယ်ပြိုခဲ့တယ်...


ကောင်မလေးရေ.....

အမှတ်ရနေဖို့ တစ်ခုပဲတောင်းဆိုပါရစေ

နင့်အတိတ်မှာငါဟာ

ပေဆပ်ခြင်းတွေနဲ့ မှိန်ဖျော့စွာလင်းလက်ဘူးတဲ့ကြယ်တစ်စင်းအဖြစ်လေ...။

4 comments:

  1. ကဗျာလေးတွေခံစားသွားတယ်.။ ဒီဇင်ဘာ (21) မှာ ပြိုခဲ့ ပေမဲ့ မစိုဘူးမလား?
    ခံစားချက် နုနုလေးတွေ ခံစားသွားပါတယ်ခင်ဗျာ.။
    အောက်ကဗျာတွေလည်း အမြည်းဖတ်သွားတယ်ခင်ဗျာ.။
    အပြင်က ပြန်ရောက်မှ အေးအေးဆေးဆေး ပြန်လာဖတ်တော့မယ်။

    ခင်မင်လျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  2. ကြယ်လေးဘက်ကနေ ခံစားပြီး ဖတ်သွားပါတယ်...

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. No Deposit Bonus Casinos 2021 - Win Real Money at US
    We list 10 바카라 사이트 best online kadangpintar casinos with septcasino no deposit bonuses in the US. Find the best USA no deposit bonus codes หารายได้เสริม and get your free spins wooricasinos.info

    ReplyDelete