Saturday, December 19, 2009

ကျွန်တော်ကဗျာ...

ကဗျာဆိုတာ

နှလုံးသားကိုညစ်ချုပ်

အသစ်တွေရေးထုတ်မှမဟုတ်ပဲလေ...။


ပြီတော့.. ကဗျာဆိုတာ

စာသားတွေဖောင်းကြွ

စကားလုံးတွေထောင်းထောင်းထနေတဲ့

ဟင်းတစ်ခွက်လဲမဟုတ်ဘူးလေ

နှလုံးသားရဲ့မှတ်တမ်း

အချစ်အနမ်း အလွမ်းအကြမ်း

ကျွန်တော်အတွက်တော့

ကဗျာဆိုတာ ရင်ကွဲပန်းပါ...။


လျှောက်ခဲ့တဲ့လမ်း

ကြုံဖူးတဲ့ အလွမ်း

မျှော်လင့်ခဲ့အနမ်းတွေကို

ပေထက်မှာစာစီ

ခါတော်မှီတင်ဆက်

ဒီလိုနဲ့...

တိုက်ဆိုင်လို့

ပြုံးသူပြုံး လွမ်းသူလွမ်း

အင်း...ကဗျာဆိုတဲ့ပန်းက

ဒီလိုနဲ့(၁၂)ရာသီလန်းနေတာ.....။

No comments:

Post a Comment