Sunday, December 20, 2009

သူ သို့ မဟုတ် ဘဝများ၏သခင်

သူ...ဘဝများဖန်ဆင်းဖို့ ရောက်လာခဲ့သောသူ

ဘဝများရှင်သန်လာ၏။

ရုတ်တရက်ထွက်ခွာသွားသည်။

ဖန်ဆင်းခဲ့သောဘဝများအား

မရေရာသည့်မျှော်လင့်ခြင်းများနှင့်ထားခဲ့သည်။


သူ...ပြန်လာသည်။ပြန်ထွက်သွား၏။

ဤတကြိမ်တွင်လည်း

ဖန်ဆင်းခဲ့သည့်ဘဝများထံ

ခွဲခွာခြင်းနှင့်ငိုကြွေးခြင်းများအပ်နှံခဲ့သည်။


သူ...ရှိနေတုန်းကတော့

နေရောင်ကိုပူလောင်သည်ဟုထင်မှတ်ခဲ့သောဘဝများ

သူ ထွက်ခွာသွားတော့မှ

နေရောင်မရှိသောဘဝများအမှောင်ထဲတွင်ပိတ်မိနေကြ၏။

ပင်လယ်၌ပျော်ရွှင်ခြင်းတို့ ကျပျောက်ကုန်၏။


သူ...မမြင်နိုင်တောသော်လည်း

သူ့ ကိုဘဝများမမေ့နိုင်ကြသလို

သူသည်လည်းဘဝများအားမေ့နိုင်ဖို့ ရာခက်ခဲပေမည်။

အဘယ်သို့ ဆိုသော်

သူ...ဖန်ဆင်းခဲ့သည့်ဘဝများထဲတွင်

ငါတို့ သည်အတောက်ပဆုံးအတောက်ပဆုံးအဖြစ်တည်ရှိ၏


သူ...ကြယ်တပွင့်အဖြစ်တည်ရှိနေသည။်

ငါကျေနပ်၏။

ထိုကြယ်ပွင့်အားလိုက်ရှာရရန်

ကျန်ရှိသောဘဝများက ငါ၏ဘဝအားတာဝန်ပေးအပ်၏။


သူ...အဘယ်နေရာမျိုး၌လင်းလက်နေမည်နည်း

ငါလိုက်ရှာမည်

ခွဲခွာခြင်းနှင့်ငိုကြွေးခြင်းအား

ပြန်လည်ပေးအပ်လိုသည့်

ကျန်ရှိသောဘဝ၌

မရေရာသောမျှော်လင့်ခြင်းများဖြင့်

ရှာဖွေနေသောငါကို

သူ...ကောင်ကင်မှမြင်နိုင်ပါစေ

ငါဆုတောင်း၏။


(သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ...။)

No comments:

Post a Comment