Friday, December 18, 2009

ချစ်သူသို့......

ဘာလို့ချစ်လဲ မမေးနဲ့

နှလုံးသားရဲ့ခံစားချက်ကို

ဥနှောက်ကြီးကလိုက်မမီလို့...။


အချစ်ကဘာလဲ မမေးနဲ့

ရှင်းပြဖို့

ဝေါဟာရတွေနည်းလွန်းလို့...။


ဘယ်လောက်ချစ်လဲ မမေးနဲ့

နှိုင်းပြစရာ

စကြာဝဠာကငယ်သေးလို့...။


ကဲ ကောင်မလေးရေ...

ဘယ်ထိချစ်မလဲဆိုတာလဲ မမေးနဲ့တော့

ဘာလို့လဲသိလား?

ကိုယ်ဟာ မင်းအချစ်နဲ့အသက်ရှင်နေလို့ ...။

No comments:

Post a Comment