Saturday, August 14, 2010

၂၀၁၂ခုနှစ်မှာတကယ်ကမ္ဘာပျက်မှာလား? အပိုင်း(၆)

တောက်-မြောက်ဝင်ရိုးစွန်းပြောင်းလဲမှု

နှစ်သန်းပေါင်းများစွာအတွင်းမှာမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းတို့ဟာအကြိမ်ပေါင်းရာချီပြီ
ဟိုဘက်ဒီဘက်ပြောင်းလဲခဲ့ပြီပါပြီး။တောင်-မြောက်ဝင်ရိုးစွန်းပြောင်းလဲမှုနဲ့ပတ်သတ်ပြီလေ့လာသိရှိမှု
တွေဟာအရမ်းကိုအားနည်းနေပါသေးတယ်။(အကြမ်းအားဖြစ်တော့ကမ္ဘာ့အတွင်းပိုင်းလှုပ်ရှားမှုကြောင့်
ဒီလိုဖြစ်ရတယ်လို့ပြောနိုင်ပါတယ်)။ကမ္ဘာ့သံလိုက်စက်ကွင်းဟာကမ္ဘာ့ဗဟိုကသံ(နီကယ်)အလုံးကြီးကို သံရည်ပူပါဝင်တဲ့ချော်ရည်တွေလှည့်ပတ်ကြခြင်းမှထွက်ပေါ်လာခြင်းဖြစ်ပါတယ်။အဲဒီချော်ရည်တွေရဲ့ပုံစံ နှင့်ဦးတည်ချက်တွေရဲ့အပြောင်းအလဲကကမ္ဘာ့သံလိုက်စက်ကွင်းကိုအပြောင်းအလဲတွေဖြစ်ပေါ်စေပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာကမ္ဘာ့လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ပြင်းအားဟာလျင်မြန်စွာလျော့နည်းလာ
တာကိုတွေ့ရပါတယ်။ဒါဟာတောင်-မြောက်ဝင်ရိုးစွန်းပြောင်းလဲမှုရဲ့ရှေးပြေးလက္ခဏာတွေပါပဲ။နှစ်ပေါင်း
၂၀၀၀ကနေ၃၀၀၀အချိန်အတောအတွင်းမှာဒီလိုတောင်-မြောက်ဝင်ရိုးစွန်းပြောင်းလဲမှုဟာဖြစ်နိုင်ပါသလား?
အတိတ်ကာလတွေတုန်းကလဲဒီလိုကမ္ဘာ့လျှပ်စစ်သံလိုက်လှိုင်းတွေအားပျော့တာတွေဖြစ်ခဲ့ဘူးပြီး၊အမြဲတမ်း
တော့ဒီအချက်တွေကြောင့်တောင်-မြောက်ဝင်ရိုးစွန်းပြောင်းလဲမှုမဖြစ်ခဲ့ပါ။

ကျွန်တော်တို့ရဲ့အနေအထားဟာမုန်းတိုင်းတွေဘယ်တော့ဖြစ်မလဲလို့အတိအကျမခန့်မှန်းနိုင်ကြတဲ့မိုးလေ၀သ
ခန့်မှန်းတဲ့သူ(ဇလဗေဒပညာရှင်)တွေလိုပါပဲ။လာမယ့်ရာစုနှစ်တွေတိုင်အောင်ဘယ်လိုအကြောင်းနဲ့မှတောင်-
မြောက်ဝင်ရိုးစွန်းပြောင်းလဲမှုကမဖြစ်နိုင်ပါဘူး။ဒီလိုအားပျော့တဲ့ကမ္ဘာ့လျှပ်စစ်သံလိုက်လှိုင်းတွေကကျွန်တော်တို့
ကိုနေကနေအဆက်မပြတ်ကျရောက်နေတဲ့ဘေးန္တာရာယ်ဖြစ်နိုင်တဲ့ဓာတ်ရောင်ခြည်တွေ၊ပြင်းထန်တဲ့လျှပ်စစ်သံလိုက်
လှိုင်းတွေကနေအကာအကွယ်ပေးနေတာကြောင့်သဘာဝတရားကြီးကိုကျေးဇူးတင်ရမှာပါ။

No comments:

Post a Comment