Friday, August 13, 2010

အပယ်ခံ

အမှတ်မရှိဘူး
အသိပြုမခံရတဲ့ ပေးဆပ်ခြင်းတွေအတွက်။

မျှော်လင့်နေဆဲ
တကြိမ်မှမရဘူးတဲ့နားလည်မှုတွေကို။

နာကျင်နေတယ်
အမှိုက်တစလိုချောင်းထိုးခံရတဲ့နေ့တွေမှာ။

အသုံးပြုပြီးလို့
လွှင့်ပစ်ချောင်းထိုးတာကိုခံနိုင်ပါတယ်ကွာ
ဒါပေမယ့်
အသိအမှတ်ပြုမခံခဲ့ရတဲ့သာသာထိုးထိုး
ငါ့စေတနာတွေအတွက် ငါဝမ်းနည်းတယ်။

နာကျင်နေတာလား...
ကြေကွဲနေတာလား...
ကိုယ့်ကိုကိုယ်မဝေခွဲတတ်ပေမယ့်
သေချာတယ်
ငါမင်းကိုချစ်နေဆဲဆိုတာ...။

1 comment:

  1. တို့ ဒီကဗျာလေးကြိုက်လို့ ယူသွားခဲ့ပါတယ် ရေးသူကို credit ပေးပါမယ် ။ လိပ်စာနဲ့တကွ ...

    ကျေးဇူးတင်ပါတယ်

    ReplyDelete