Sunday, August 1, 2010

ကမ္ဘာပေါ်ကအလှဆုံး ရေတံခွန် (၉)ခု -အပိုင်း(၁)

အခုဖော်ပြမှာကတော့ ကမ္ဘာပေါ်ကအလှဆုံးရေတံခွန်(၉)ခုအကြောင်းကိုပါ။ကျွန်တော်တို့တွေ
သိကြတဲ့အတိုင်းပါပဲရေတံခွန်ဆိုတာက ကမ္ဘာလှည့်ခရီးသည်တွေကိုအဖမ်းစားဆုံး နေရာတွေ
ထဲကတစ်ခုပါပဲ။ကမ်းပါးမြင့်မြင့်တွေကနေ အနုပညာဆန်ဆန်ကျဆင်းနေတဲ့ရေမှုန်ရေမွားတွေကြောင့်
ရေတံခွန်တွေဟာပြီပြည့်စုံတဲ့ပန်းချီကားတစ်ချပ်အတိုင်းပါပဲ။အခုဖော်ပြထားတဲ့အလှဆုံးရေတံခွန်
တွေကကမ္ဘာအနှံကတစ်နေရာဆီကပါ။ကျွန်တော်တို့တသက်မှာဒီရေတံခွန်တွေထဲကအနည်းဆုံး
တစ်ခုဆီကိုတော့ သွားရောက်လည်ပတ်ရဖို့မျှော်လင့်ပါတယ်။

(၉)ပလစ်ဗွိုက်(စ)ရေတံခွန်များ (Plitvice Falls)

ဒီရေတံခွန်တွေကတော့ခရိုအေးရှားနိုင်ငံရဲ့ပလစ်ဗွိုက်(စ)ကုန်းမြင့်က အမျိုးသားဥယျာဉ်ကြီးထဲက
ပလစ်ဗွိုက်(စ) ရေကန်တွေမှာတည်ရှိပါတယ်။ဒီဥယျာဉ်ကြီးက ဘော့စနီးယားနဲ့ဟာဇီဂိုဗီးနာ
နယ်စပ်နဲ့လည်းနီးပါတယ်။ဒီဥယျာဉ်ကြီးထဲမှာ ၆၃၆မီတာ ကနေ ၅၀၃မီတာအကျယ်ရှိတဲ့
သဘာဝအတိုင်းအဆင့်ဆင့်ဖြစ်ပေါ်နေတဲ့ရေကန်၁၆ခုရှိပါတယ်။အောက်ဆုံးရေကန်ကရေတွေက ကိုရာနာမြစ်(Korana)ထဲကိုစီးဝင်ကြပါတယ်။

ပလစ်ဗွိုက်(စ)ရေတံခွန်တွေဟာဆန်းပြားတဲ့လက္ခဏာတွေရှိတဲ့ Karst ကျောက်တွေ
(အထူးသဖြင့်ဒိုလိုမိုက်နဲ့လိန်းစတုန်းအမျိုးအစား)တွေကြားမှာတည်ရှိပါတယ်။ရေကန်တွေ
ကိုသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ထရာဗာတင်း(Travertine)ကျောက်တန်းတွေကပိုင်းခြား
ထားပါတယ်။ဒီကျောက်တန်းတွေဟာရေညှိရေမှော်တွေ၊သစ်ရွက်ဆွေးတွေ၊ဗက်တီရီးယားတွေ နှင့်ကယ်(လ)ဆီယံကာဗွန်နိတ်တွေနဲ့ပေါင်းစပ်ပြီးအနည်းကျဖြစ်တည်နေတာပါ။ထရာဗာတင်း
ကျောက်တန်းတွေဟာ ၁နှစ်ကို ၁စင်တီမီတာလောက်မြင့်တက်နေပါတယ်။ရေကန်တွေရဲ့
အရောင်ပြောင်းလဲခြင်း(မိုးပြာရောင်၊အစိမ်း၊အပြာ(သို့)မီခိုးရောင်)ကလဲသူတို့ကို
ကျော်ကြားစေတဲ့အချက်တွေထဲကတစ်ခုအပါအ၀င်ပါ။ဒီလိုရေကန်ရဲ့အရောင်ပြောင်းလဲခြင်းက ရေထဲမှာရှိတဲ့များပြားလှတဲ့ဓာတ်ပစ္စည်းတွေသက်ရှိတွေအပေါ်နဲ့နေရောင်ကျရောက်မှု
အပေါ်မူတည်ပါတယ်။

၁၉၇၉ခုနှစ်မှာဒီဥယျာဉ်ကြီးကို ယူနက်စကို(UNESCO)ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်း ထဲကိုထည့်သွင်းခဲ့ပါတယ်။Operation Storm (4 August 1995)လို့ခေါ်တဲ့စစ်ရေး
လေ့ကျင့်မူကြီးအပြီးမှာယူနက်စကိုဟာဒီဥယျာဉ်ကြီးကိုအန္တရာယ်ကျရောက်နေတဲ့ကမ္ဘာ့အမွေအနှစ်များ
စာရင်းမှာ အန္တရာယ်ရှိတဲ့အခြေအနေအဖြစ်သတ်မှတ်ခဲ့တယ်။ခရိုအေးရှား အစိုးရကဒီအခြအနေကိုသေသေချာချာသုံးသပ်ပြီးနောက်အဲဒီဒေသကမိုင်းတွင်းတွေဖယ်ရှားခြင်းကို အလေးထားဆောင်ရွက်
ခဲ့ခြင်းကြောင့်ယူနက်စကိုဟာ ၁၉၉၈ခုနှစ်မှာ အန္တရာယ်ကျရောက်နေတဲ့ကမ္ဘာ့အမွေအနှစ်များစာရင်းမှ ပယ်ဖျက်ကြောင့်ကြေငြာခဲ့ပါတယ်။ဒီနေ့အချိန်မှာတော့ပလစ်ဗွိုက်(စ)ရေကန်တွေဟာခရိုအေးရှား
နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကိုအဆွဲဆောင်နိုင်ဆုံးနေရာဖြစ်နေပါပြီ။ပြီးခဲ့တဲ့၂၀၀၀ခုနှစ်မှာတော့ ပလစ်ဗွိုက်(စ)အမျိုးသားဥယျာဉ်ကြီးကို ၁၀၂ စတုန်းရန်းကီလိုမီတာအထိတိုးချဲ့နိုင်ခဲ့ပါပြီ။







ပလစ်ဗွိုက်(စ)ရေတံခွန်ရဲ့ဆောင်းရာသီမြင်ကွင်း









အဲဒီလိုရေကန်တွေအဆင့်ဆင့်ဖြစ်ပေါ်နေကြတာ





ဆောင်းရာသီမြင်ကွင်းတွေ



ဆောင်းရာသီမြင်ကွင်းတွေ



၈။ရာမိုနာရေတံခွန်များ( Ramona Falls)


ရာမိုနာရေတံခွန်တွေကတော့ အမေရိကန်ပြည်ထောင်စု၊ အိုရီဂွန်ပြည်နယ်အတွင်းကဆန်ဒီမြစ်
အထက်မှာရှိတဲ့ဟု(တ်(Hood)တောင်ကြီးရဲ့အနောက်ခြမ်းမှာတည်ရှိပါတယ်။ ပေ၃၅၇၆
(၁၀၉၀မီတာ)အမြင့်ရှိတဲ့ပစိဖိတ်သဘာဝလေ့လာရေးလမ်းကြောင်းတလျှောက်ဒီလိုသဘာဝ
ရှူမျှော်ခင်းတွေတမျှော်တခေါ်ရှိပါတယ်။ရာမိုရာရေတံခွန်တွေ(Ramora falls)ကပေ၁၂၀ (၃၇မီတာ)လောက်မြင့်ပါတယ်။သူတို့ဟာcascadesတောင်တန်းရဲ့အမြင့်ဆုံးတောင်ကမ်းပါးယံ
တွေမှာတည်ရှိကြပါတယ်။



















၇။အီဂွာဇူရေတံခွန်များ(Iguazu Falls)


အီဂွာဇူရေတံခွန်တွေဟာ ဘရားဇီး၊ပါရာဂွေးနဲ့အာဂျင်တီးနားနယ်စပ်ကအီဂွာဇူမြစ်ပေါ်မှာတည်ရှိ
ပါတယ်။အီဂွာဇူဆိုတာကတော့ ဂွာရာနီ(Guarani)လူမျိုးတွေရဲ့ဘာသာစကားကဆင်းသက်
လာပြီးကြီးမားသောရေ(y = water and ûasú = large)လို့အဓိပ္ပါယ်ရပါတယ်။ဒီရေတံခွန်
ရဲ့ဒဏ္ဏာရီတစ်ခုကတော့ နတ်ဘုရားတစ်ပါးဟာနေပီ(Naipi)လို့ခေါ်တဲ့ဒေသခံကောင်မလေးကို
လက်ထပ်ဖို့စီစဉ်ပါသတဲ့။ဒါပေမယ့် ကောင်မလေးကသူ့ရဲ့ချစ်သူတာရိုဘ(Taroba)နဲ့အတူ လှေနဲ့အတင်းထွက်ပြေးကြရောတဲ့။ဒေါသထွက်နေတဲ့အဲဒီနတ်ဘုရားဟာလူသားနှစ်ဦးကိုအပြစ်ပေးဖို့ မြစ်ကိုခွဲကာရေတံခွန်ကိုဖန်တီးပြီ သူတို့ကိုရေတံခွန်ထဲကျသေစေခဲ့တယ်။ဒီရေတံခွန်ကိုပထမဆုံး
တွေ့ရှိခဲ့တဲ့ဥရောပသားကတော့ စပိန်နိုင်ငံကနယ်ပယ်သစ်ရှာဖွေသူ Alvar Nunez Cabeza
de Vaca က ၁၅၄၁ခုနှစ်မှာတွေ့ရှိခဲ့ပါတယ်။

အီဂွာဇူရေတံခွန်ပေါင်း၂၇၅ခုဟာ ၂.၇ကီလိုမီတာရှိတဲ့အီဂွာဇူမြစ်တလျှောက်မှာရှိကြပါတယ်။သူတို့
တွေထဲကတချို့တွေကတော့ ၈၂မီတာမြင့်မားကြပြီအများစုကတော့ ၆၄မီတာလောက်ရှိကြပါတယ်။
အကျယ်၁၅၀မီတာ၊အလျား၇၀၀မီတာ အမြင့်၈၂မီတာ နှင့်U ပုံသဏ္ဌာန်ရှိတဲ့ ဂါဂန်တာဒဲဒီယာဘလို
(သေမင်းခံတွင်းဝ)လို့ခေါ်တဲ့ရေတံခွန်ကတော့အထင်ရှားဆုံးပါပဲ။

ဒီရေတံခွန်ဆီကိုသွားဖို့အဓိကလမ်းကြောင်းနှစ်ခုရှိပါတယ်။လမ်းကြောင်းနှစ်ခုလုံးကမြစ်တဖက်တချက်
ဆီကိုရောက်ပါတယ်။ဘရားဇီးနိုင်ငံ Foz Iguacu Parana ပြည်နယ်ကိုဖြတ်သန်းတဲ့လမ်းရယ် ၊
နောက်တစ်ခုကတော့အာဂျင်တီးနားက Misiones Puerto Iguazuခရိုင်ကနေ(ပါရာဂွေးကနေ လာမယ်ဆိုရင်လည်းဒီဖက်ခြမ်းကလမ်းကိုသုံးပါတယ်)လာတဲ့လမ်းရယ်ရှိကြပါတယ်။ ဒီရေတံခွန်ရဲ့
ထူးခြားချက်ကတော့ဘရားဇီးနှင့်အာဂျင်တီးနား၂နိုင်ငံလုံးရဲ့အမျိုးသားဥယျာဉ်အဖြစ်ရပ်တည်နေတာ
ပါပဲ။ယူနက်စကိုရဲ့ကမ္ဘာအမွေအနှစ်များစာရင်းထဲကိုလည်း ဘရားဇီးအမျိုးသားဥယျာဉ်အဖြစ်၁၉၈၄ခုနှစ်
မှာတစ်ကြိမ် အာဂျင်တီးနားရဲ့အမျိုးသားဥယျာဉ်အဖြစ် ၁၉၈၆ခုနှစ်မှာတကြိမ်၂ကြိမ်တိုင်တိုင်ထည့်သွင်း
ခြင်းခံခဲ့ရပါတယ်။







အီဂွာဇူရေတံခွန်ရဲ့ကောင်ကင်မြင်ကွင်း









၆။ဒီရှန်ရေတံခွန်များ(Detian Falls)

ဒီရှန်ရေတံခွန်တွေ(Detian Falls)(သို့)ဘန်ဂီအို့(စ)ရေတံခွန်တွေဟာဗီယက်နမ်လိုတော့
သက်ဘန်ဂီလို့ခေါ်ပါတယ်။ဒီရေတံခွန်တွေဟာတရုတ်-ဗီယက်နမ်နယ်စပ်က Quy Xuan မြစ်တ
လျှောက်မှာတည်ရှိပါတယ်။Quy Xuanမြစ်ဟာတရုတ်နိုင်ငံဂေါင်ဇီခရိုင်နဲ့ဗီယက်နမ်နိုင်ငံမြို့တော်
ဟန်နွိုင်းရဲ့မြောက်ဘက်၂၇၂ကီလိုမီတာမှာရှိတဲ့ထရမ်ခမ်နယ်တွေကိုဖြတ်သန်းစီဆင်းနေပါတယ်။

အဓိကရေတံခွန်ကြီးက၃၀မီတာအမြင့်ကနေကျနေတာပါ။ရေတံခွန်ငယ်လေးတွေကလည်းကျောက်
ဆောင်တွေသစ်ပင်တွေကြားကနေဟိုတစ်စုဒီတစုစီဆင်းနေပါတယ်။ရေတံခွန်တွေကရေကျသံတွေ
ဟာအတော်ဝေးဝေးကနေမိုးခြိမ်းသံလိုကြားနေရပါတယ်။

ပြင်သစ်အစိုးနဲ့တရုတ်ကွင်းအစိုးရ(Qing government)ကြားနယ်စပ်သက်မှတ်ရေးတရားဝင်
စာရွက်စာတမ်း ကိစ္စများမသေချာမရှင်းလင်းခဲ့သောကြောင့် ယနေ့အချိန်အထိတရုတ်နှင့်ဗီယက်နမ်
နှစ်နိုင်ငံကြားအဲဒီဒေသကနယ်စပ်ကိစ္စဟာအငြင်းပွားစရာတွေဖြစ်နေတုန်းပါပဲ။ယုံကြည်သူ့တချို့
ကတော့ဒီရေတံခွန်တွေအားလုံးဟာဗီယက်နမ်ရဲ့အပိုင်ဖြစ်တယ်လို့ဆိုပါတယ်။နယ်ခြားကျောက်တိုင်
တွေကို ၁၉၇၉ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စီနို-ဗီယက်နမ်စစ်ပွဲအပြီမှာဖယ်ရှားဖယ်ရှားခဲ့ကြပါတယ်။
















ပန်းချီကားပမာအမြင်သာ

၅။ဗစ်တိုးရီယားရေတံခွန်များ(Victoria Falls)

ဒီရေတံခွန်ကို Mosi-oa-Tunya(မိုးခြိမ်းသောအခိုးငွေ့)လို့ဒေသခံတွေကခေါ်ပါတယ်။ဒီရေတံခွန်ကို
စကော့လူမျိုးလေ့လာရေးသမားဒေါက်တာဒေးဗစ်လစ်ဗင်စတုန်း(Dr.David Livingstone)က
၁၈၅၅ခုနှစ်မှာဗစ်တိုးရီးယားလို့အမည်ပေးခဲ့တာပါ။ဗစ်တိုးရီးယားရေတံခွန်ဟာအာဖရိကတောင်ပိုင်း
ကဇမ်ဘီယာနဲ့ဇင်ဘာဘွေနှစ်နိုင်ငံကြားမှာရှိတဲ့ဇမ်ဘီဇီမြစ်မှာတည်ရှိပါတယ်။

ဒီရေတံခွန်ဟာဇမ်ဘီယာနဲ့ဇင်ဘာဘွေနိုင်ငံတွေရဲ့အမျိုးသားဥယျာဉ်တွေအဖြစ်တည်ရှိပြီယူနက်စကိုရဲ့
ကမ္ဘာအမွေအနှစ်များစာရင်းများထဲမှာလည်းပါဝင်ပါတယ်။ဒီရေတံခွန်ဟာ ဇမ်ဘီယာနိုင်ငံအတွက် မိုစီအာတူညအမျိုးသားဥယျာဉ်အဖြစ်လည်းကောင်း၊ ဇင်ဘာဘွေနိုင်ငံရဲ့ဗစ်တိုးရီးယားအမျိုးသား
ဥယျာဉ်အဖြစ်လည်းကောင်းတည်ရှိပါတယ်။ဒီရေတံခွန်ဟာတောင်အာဖရိကရဲ့အဓိကဆွဲဆောင်မှုရှိတဲ့
နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။

ဗစ်တိုးရီးယားကမ္ဘာ့အမြင့်ဆုံးနဲ့အကျယ်ဆုံးရေတံခွန်ဖြစ်ဖို့တောင်းဆိုသင့်ပါတယ်။အကျယ်၁၇၀၈
မီတာ(၅၆၀၄ ပေ)နှင့်အမြင့်၁၀၈မီတာ(၃၆၀ပေ)ရှိပြီ ကမ္ဘာပေါ်မှာအကြီးမားဆုံးရေထုကျဆင်းနေ
တဲ့နေရာတစ်ခုပါပဲ။တခြားထင်ရှားတဲ့ရေတံခွန်တွေနဲ့နှိုင်းယှဉ်ရင် ရေစီးနှုန်းကမြင့်မားပါတယ်။















ဗစ်တိုးရီယားရေတံခွန်ရဲ့ကောင်ကင်မြင်ကွင်း






ရေတံခွန်ထိပ်မှာပျော်စရာ(တချို့အတွက်တော့အသည်းယားစရာပေါ့:D)

1 comment:

  1. ကျေးဇူးတင်ပါတယ်ရှင် တွားလည်ဖို့moneyစုလိုက်ဦးမယ်

    ReplyDelete