Friday, July 24, 2009

ယုံကြည်ချက်

ပိုးဖလံတစ်ကောင်ဟာ

သူ့ ယုံကြည်မူ့ အတွက် မီးကိုတိုးတာကို

'မိုက်မဲမူ့ 'လို့

ကျေးဇူးပြုပြီး ခေါင်းစဉ်မတပ်ပါနဲ့.....။


ခင်ဗျာတို့ ရှေ့မှာ

တောင်ကိုအပ်နဲ့ထွင်းနေတဲ့ သူရူးတစ်ယောက်ကိုတွေ့ရင်

'အချည်းနှီး' လို့

အလွယ်တကူမဝေဖန်ပါနဲ့.....။


မျှော်လင့်ချက် ဆိုတာကိုဖမ်းဆုပ်

ပင်လယ်ကို လက်ဝါးနဲ့ခပ်ထုတ်နေတဲ့သူကိုတွေ့ ရင်လဲ

'မဖြစ်နိုင်တာ' ဆိုပြီး နှာခေါင်းမရှုပ်ပါနဲ့.....။


ယုံကြည်ရာ လျှောက်တဲ့လမ်းမှာ

တနေ့ ဘယ်ပန်းမဆို လန်းမှာပဲ.......။



No comments:

Post a Comment