Tuesday, July 21, 2009

နိစ္စဓူဝ...

အမှန်တရားတွေနဲ့ နေထွက်ပြီး

မင်နီတွေဗရပွနဲ့ နေ၀င်တယ်...

မျှော်လင့်ချက်တွေနဲ့ မျက်နှာသစ်ပြီး

ကံဆိုးခြင်းတွေနဲ့ အိပ်ယာဝင်တယ်.....။


သင်ကြုံဖူးပါသလား...?

ထိုင်နေရင်ကောင်းမှန်းသိလျှက်

ငြိမ်နေလို့ မရတဲ့ ပြိုင်ပွဲတွေ...

ဒါမှမဟုတ်

ထသွားရင် ကျိုးမယ်မှန်းသိလျှက်

ပိုးဖလံတစ်ကောင်လို မီးကိုတိုးခဲ့ရတာတွေ...

ရုန်းကန်မှုတွေ ဘယ်လောက်စိုက်ပျိုးစိုက်ပျိုး

အမှားအယွင်းတွေနဲ့ ပဲ တိုးလို့

အနာဂတ်ဟာ

ခုထိ တစိမ်ဆန်တုန်း.....။


အဲ့ဒီလို့ နဲ့

အရှုံးတွေနဲ့ မျက်စိမဖွင့်ခင်

အောင်မြင်မှုတွေကို အိပ်မက်ထဲထည့်မက်လိုက်တယ်.....။

No comments:

Post a Comment