Friday, May 27, 2011
Unknown (2011)
ဒီနေ့ကျွန်တော်ကြည့်ဖြစ်တဲ့ဇာတ်ကားလေးက Liam Neeson ရဲ့ unknown(2011)
ဇာတ်ကားလေးပါ ။Liam NeesonကိုTaken(2008)တို့ The A-Team တို့ကိုကြိုက် ခဲ့တဲ့ပရိတ်သတ်တွေကောင်းကောင်းသိကြမှာပါ(ကျွန်တော်လဲကြိုက်လို့ပါ :P)။
Dr. Martin Harris (Liam Neeson)ဟာဘိုင်အိုနန်နိုသိပ္ပံပညာရှင်ပါနန်နိုနည်းပညာ
ကွန်ဖရင့်မှာ presentation လုပ်ဖို့ ဂျာမနီနိုင်ငံဘာလင်မြို့ကိုဇနီးသည်Elizabeth
Harris(January Jones)နှင့်အတူရောက်လာ ခဲ့ပါတယ်(ဇာတ်လမ်းအစမှာဖော်ပြချက်ပါ)။
လေဆိပ်ကနေတည်းခိုမည့်ဟိုတယ် ကိုရောက်တဲ့အချိန်မှာ လေဆိပ်မှာအရေးကြီးတဲ့စာရွက်
စာတမ်းတွေပါတဲ့ အိတ်ကျန်ခဲ့တာကြောင့် Gina(Diane Kruger-National Treasure
ဇာတ်လမ်းတွေထဲက မင်းသမီး)မောင်းတဲ့တက္ကစီနဲ့လေဆိပ်ကိုပြန်သွားယူတဲ့အချိန်မှာ မတော်တဆ ကားအက်စီးဒင့်ဖြစ်ပြီတော့ ဆေးရုံမှာ(၄)ရက်မေ့မျောနေခဲ့ပါတယ်။Dr. Martin Harris သတိရလာတဲ့အချိန်မှာသူ့မိန်းမရှိတဲ့ဟိုတယ်ကိုလိုက်သွားတဲ့အချိန်မှာ...သူမမျှော်လင့်တဲ့
အခြေအနေတစ်ခုက သူကိုစောင့်ကြိုနေပါတယ်။သူ့နေရာမှာတခြားတစ်ယောက်က သူ့ရဲနာမည်၊ပတ်(စ)ပို့၊အလုပ်အကိုင်၊ဘဏ်ကဒ်တွေ၊ မိသားစုဓာတ်ပုံတွေ၊ကားလိုင်စင်
တွေမှာကအစ ၀င်ရောက်နေရာယူပြီနေပါပြီ။သူ့ရဲ့ဇနီးသည်ကပါသူကိုမသိသလို
ဆံဆက်တဲ့အချိန်မှာDr. Martin Harris မကြံစည်တတ်အောင်ဖြစ်နေပါတယ်
(ဇာတ်လမ်းထဲမှာအမေရိကန်သံရုံးက အဲနေ့မှာThanksgiving နေ့ဖြစ်တာကြောင့် ရုံးပိတ်ထားတယ်လို့ဆိုပါတယ်)။နောက်ဆုံးသူမှာ မိန်းမလက်ဆောင်ပေးထားတဲ့ နာရီတစ်လုံး၊စာအုပ်တစ်အုပ်နဲ့ ငွေစအနည်းငယ်သာကျန်ပါတော့တယ်။ -ဇာတ်လမ်းကမြှပ်ကွက်
လှည့်ကွက်တွေနဲ့ ပရိတ်သတ်ရဲ့အာရုံကိုဖမ်းစားသွားမှာပါ။ တက္ကစီမောင်းတဲ့ Gina ရဲ့အကူအညီနဲ့သူကိုလိုက်သတ်နေတဲ့သူတွေကြားမှာ သူဘ၀မှန်ကိုပြန်ရဖို့ကြိုးစားရပါတယ်။
Dr. Martin Harrisဟာသူ့ဘ၀မှန်ကိုပြန်ရမလား?
နောက်ထပ် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.......။
TRAILER ကိုတော့ အောက်မှာကြည့်ပါ>>>>>ဒီမှာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment