ကမ္ဘာဟာနေပတ်လမ်းကြောင်းမှချော်ထွက်ခြင်း
ကမ္ဘာဟာနေပတ်လမ်းကြောင်းကနေ ချော်ထွက်သွားနိုင်ပါသလား?အကယ်၍ နေပတ်လမ်းကြောင်းမှ
ချော်ထွက်သွားခဲ့ရင် လူသားတွေအတွက်ကမ္ဘာဟာ အဆုံးအစမရှိတဲ့ အာကာသထဲမျောလွင့်နေတဲ့
အာကာသယဉ်တစ်စင်းလိုဖြစ်သွားမလား?။
ဒီအချက်ကိုဟာ ကမ္ဘာပျက်ကိန်းကိုယုံကြည်တဲ့သူတွေရဲ့ ယုံကြည်ချက်ပါ။ဒီနေရာမှာမေးစရာရှိတာက၊
နက္ခတ်ပညာရှင်တွေတွေ့ရှိထားတဲ့အချက်က အပြောကျယ်လှတဲ့အာကာသထဲမှာ မိမိတို့ရဲ့စနစ်တွေ
(နေအဖွဲ့အစည်းလို)ကနေ လွင့်ထွက်လာကြတဲ့ မိဘမဲ့ဂြိုလ်တွေရှိတယ်ဆိုတာပါပဲ။၎င်းဂြိုလ်တွေဟာ
အချိန်နဲ့အမျှသူတို့ရဲ့ဖြစ်တည်မှုဟာပြောင်းလဲနေပါတယ်။
Exoplanet(သို့)Extrasolar planetတွေကိုလေ့လာခြင်းက ဂြိုလ်တွေရဲ့ရွေ့လျားခြင်းသဘော
ကိုနားလည်သဘောပေါက်စေပါတယ်။(Extrasolar planet)ဆိုတာကနေကိုပုံမှန်ပတ်လမ်းနဲ့
လည်ပတ်နေတဲ့ဂြိုလ်တွေပါပဲ။သူတို့မှာထူးခြားတာက နေနှင့်အလွန်နီးကပ်ပြီး(ဗုဒ္ဓဟူးဂြိုလ်နဲ့နေထက်
တောင်ပိုလို့နီးပါသေးတယ်)သက်ရှိတွေရှိဖို့မဖြစ်နိုင်အောင်အရမ်းကိုပူလောင်နေတဲ့ဂြိုလ်တွေပါ။)
ဂျူပီတာလောက်ဒြပ်ထုပမာဏရှိတဲ့ဂြိုလ်တွေက အဲဒီလိုနေ(ကြယ်)ကိုအလွန်နီးကပ်စွာလည်ပတ်
နေခြင်းကပညာရှင်တွေကိုအသိခက်စေပါတယ်။သူတို့ဟာ ဂြိုလ်တွေအဖြစ်ဖြစ်တည်ပြီးမကြာမီမှာပဲ
ကနဦးဖြစ်တည်စဉ်က ပြည့်သိပ်ကျပ်နေတဲ့ဓာတ်ငွေ့တွေဖုံမှုန့်တွေရဲ့အတွင်းစွမ်းအင်ပြောင်းလဲခြင်း
ကြောင့်တခြားပတ်လမ်းတစ်ခုကိုချော်ထွက်သွားတတ်ပါတယ်။ဒါပေမယ့် စိတ်မပူပါနဲ့ခင်ဗျာ...။
နှစ်သန်းပေါင်း၅ထောင်လောက်သက်တမ်းရှိပြီးဖြစ်တဲ့ကျွန်တော်တို့ နေအဖွဲ့အစည်းမှာတော့solar
windတွေရဲ့ထုတ်လွှင့်ရှင်းလင်းမှုကြောင့်ဒီလိုဖြစ်စဉ်ကပြီးဆုံးသွားခဲ့ပါပြီ။ဒါအပြင်ခုချိန်မှာကမ္ဘာကြီးမှာ
လဲအဲဒီလို သိပ်သည်းတဲ့ဓာတ်ငွေ့တွေဖုံမှုန့်တွေမရှိတော့ပါဘူး။
ဒါကြောင့်ဒီနေ့အချိန်မှာတော့ကမ္ဘာဟာသူ့ပုံမှန်ပတ်လမ်းကနေချော်ထွက်သွားဖို့ဆိုတာကအရမ်းကို
ခက်ခဲလွန်းပါတယ်။ဂြိုလ်တစ်ခုစီတိုင်းရဲ့ပတ်လမ်း(ဂြိုလ်ပတ်လမ်း)တွေဟာမိမိတို့နေနဲ့မိမိကဲ့သို့နေ
ကိုလည်ပတ်နေတဲ့ တခြားဂြိုလ်တွေရဲ့ဒြပ်ထုတွေပါဝင်တဲ့စွမ်းအင်အခြေအနေပေါ်မူတည်ပါတယ်။
ဒါအပြင်ကွဲပြားနေတဲ့ဂြိုလ်အသီးသီးရဲ့ ပတ်လမ်းအကွားအဝေးတွေကိုပါထည့်သွင်းစဉ်းစားရပါတယ်။
ကမ္ဘာအနေနဲ့နေနှင့်နီးကပ်ရာကိုဖြစ်စေ ဝေးကွာရာသို့ဖြစ်စေပတ်လမ်းကိုပြောင်းလဲဖို့ရာ ဒြပ်ဆွဲအား
ဆိုင်ရာစွမ်းအင်ပြောင်းလဲမူများစွာလိုအပ်ပါတယ်။ဥက္ကာခဲတွေတိုက်မိခြင်းက ကမ္ဘာပေါ်ကနေ
ဒိုင်နိုဆောတွေကို မျိုးတုန်းပျောက်ကွယ်သွားစေပေမယ့်ကမ္ဘာကိုသူ့ပတ်လမ်းကနေပြောင်းလဲ
သွားစေဖို့မတတ်နိုင်ကြပါဘူး။ဒါအပြင် ကမ္ဘာပေါ်မှာရှိတဲ့နျူးကလီးယားဗုံးတွေကိုအားလုံးကို
အဆက်မပြတ်ဖောက်ခွဲခဲ့ရင်တောင် လူသားမျိုးနွယ်စုသာပျောက်ကွယ်သွားနိုင်ပြီး ကမ္ဘာကြီးကတော့ သူ့ရဲ့ပတ်လမ်းမှာပဲဆက်လက်တည်ရှိနေပါဦးမည်။ကမ္ဘာကို ဒီလိုပတ်လမ်းကချော်ထွက်သွားစေဖို့
က ကမ္ဘာနဲ့ဒြပ်ထုညီမျှတဲ့ အရာဝတ္ထုတစ်ခုခုကကမ္ဘာ့အနီးကဖြတ်သန်းသွားမှသာ ဖြစ်နိုင်ပါလိမ့်မည်။
ဒါပေမယ့် ကျွန်တော်တို့နေနဲ့ဒြပ်ဆွဲအားဆက်နွယ်မှုမရှိတဲ့ အဲဒီလိုဦးတည်ရာမဲ့လွင့်မျောနေတဲ့ အရာဝတ္ထုမျိုး
ကျွန်တော်တို့နေအဖွဲ့အစည်းမှာမရှိပါဘူး။
No comments:
Post a Comment