Monday, July 26, 2010

၂၀၁၂ခုနှစ်မှာတကယ်ကမ္ဘာပျက်မှာလား? အပိုင်း(၂)


သတိထားရမည့် ဗီးနပ်ဂြိုလ်ဖြတ်လမ်းသတိထားရမည့် ဗီးနပ်ဂြိုလ်ဖြတ်လမ်း


ဗီးနပ်ဂြိုလ်ဖြတ်လမ်းဆိုတာက ဗီးနပ်ဂြိုလ်ကနေရဲ့ရှေ့ ကနေဖြတ်သန်းနေတာကို ကျွန်တော်တို့
ကမ္ဘာကနေတွေမြင်နေရတဲ့အနေအထားကိုဆိုလိုပါတယ်။လကကျွန်တော်တို့ကမ္ဘာနဲ့နေနဲ့ကြားကို

ဖြတ်သန်း(နေကြတ်ခြင်း)သလိုပါပဲ။ဒီမှာမတူတာကတော့ လက ကမ္ဘာနဲ့နေနဲ့ကြားကိုတည့်တည့်
ရောက်တဲ့အချိန်မှာ နေကိုလုံးဝကိုဖုံးကွယ်လိုက်ပါတယ်၊ဗီးနပ်ဂြိုလ်ကိုတော့နေရဲ့မျက်နှာပြင်မှာ

အစက်ပြောက်သေးသေးလေအဖြစ်သာတွေ့ မြင်ရမှာပါ။၂၀၀၄ခုနှစ် ဇွန်လ ၈ရက်နေ့ကတကြိမ်
ဗီနပ်ဂြိုလ်ဟာနေရဲ့ရှေ့ကဖြတ်သန်းခဲ့ပါတယ်။






၂၀၀၄ခုနှစ်ဇွန်လ၈ရက်နေ့ ကဗီးနပ်ဂြိုလ် နေကိုဖြတ်သန်းနေပုံ

၂၀၁၂ခုနှစ် ဇွန်လ ၅ရက်နေ့၊၆ရက်နေ့တွေမှာကမ္ဘာ့ စံတော်ချိန်00:03နဲ့ 06:56အတွင်းမှာ
ဗီးနပ်ဂြိုလ်ဟာနေရဲ့ရှေ့(နေနှင့်ကမ္ဘာကြား)ကနေဖြတ်သန်းပါလိမ့်မယ်။ကမ္ဘာသူကမ္ဘာသားတွေဟာ

နေ၀န်းကြီးကိုဖြတ်သန်း နေတဲ့ဗီးနပ်ဂြိုလ်ရဲ့အရိပ်ကို အနက်အစက်ပြောက်သေးသေးလေးအဖြစ် တွေမြင်ကြရပါလိမ့်မယ်။ဒီအဖြစ်အပျက်ဟ ဖြစ်တောင့်ဖြစ်ခဲပါ၊ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့

ကမ္ဘာကနေကြည့်ရင် ဗီးနပ်ဂြိုလ်ဟာနေ၀န်းရဲ့ အထက်(သို့ )အောက်ကနေသာဖြတ်သန်းသွား
လေ့ရှိပါတယ်။ အကြောင်းကတော့သူရဲ့ပတ်လမ်းမျက်နှာပြင်ဟာ ကျွန်တော်တို့ကမ္ဘာရဲ့ပတ်လမ်း

မျက်နှာပြင်နဲ့နှိုင်းယှဉ်ရင် ၃ံ (3.394ံ)ဒီဂရီတိမ်းစောင်းနေလို့ပါခင်ဗျာ။(ပုံတွင်ကြည့်ပါ)



ဗီးနပ်ဂြိုလ်ရဲ့ပတ်လမ်းဟာ ကမ္ဘာကို ဘေးဒုက္ခဆိုးတွေကိုကြုံတွေ့ စေနိုင်သလား?.....
ဒြပ်ဆွဲအားအလှည့်အပြောင်းကြောင့် ဗီနပ်ဂြိုလ်ဟာ ကျွန်တော်တို့ကမ္ဘာကို

မျှော်လင့်မထားကြတဲ့ နေကြတ်သကဲ့သို့အမှောင်ဖုံးနေတဲ့နေ့ တွေကိုဖြစ်ပေါ်စေနိုင်သလား?
ဒါဟာလုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ဗီးနပ်ရဲ့အချင်းဟာနေရဲ့အချင်းထက်

၃၂ဆငယ်တဲ့အတွက် ၀.၁ ရာခိုင်နှုန်း ထက်ပိုပြီတော့အရိပ်ကျဖို့မတတ်နိုင်ပါဘူး။0.၁ရာခိုင်နှုန်း
အရိပ်ကျရောက်မှုကို လူသားမျက်စိနဲ့ မတွေ့ မြင်နိုင်ပါဘူး။

ဒြပ်ဆွဲအားနဲ့ ပတ်သတ်ပြီတော့တူညီတဲ့အချက်ကတော့ ရက်ပေါင်း ၅၈၄ ရက်တိုင်းမှာကမ္ဘာ၊ဗီးနပ်ဂြိုလ်နဲ့
နေတို့ ဟာ တတန်းတည်းလောက်နီးနီးဖြစ်နေတတ်ပါတယ်။




၎င်းအခြေအနေကို ကမ္ဘာမြေမှရှူမြင်သူတစ်ဦးအနေနဲ့ ဗီးနပ်ဂြိုလ်ကို ၈ံ ဒီဂရီ မြင့်၍သော်လည်းကောင်း ၈ံ ဒီဂရီနိမ့်၍သော်လည်းကောင်းအနည်းငယ်ခြားနား၍မြင်တွေရမှာဖြစ်ပါတယ်။ဒီအဖြစ်အပျက်ဟာ
ကမ္ဘာကြီးကိုဘယ်လိုမှအနှောင့်အယှက်မဖြစ်စေပါဘူး။

ဒါအပြင် ပြင်သစ်သချာင်္ပညာရှင် Urbain Jean Joseph Le Verrier (နက်ပကျွန်းဂြိုလ်
ကိုရှာဖွေတွေ့ ရှိသူ)က ဗီးနပ်ဂြိုလ်(အင်္ဂါဂြိုလ်)ရဲ့ကမ္ဘာအပေါ်လွှမ်းမိုးသက်ရောက်မှုဟာ
မပြောပလောက်ဘူးလို့ (၁၉)ရာစုကတည်းကအတိအကျတွက်ချက်ဖော်ပြခဲ့ပြီးဖြစ်ကြောင်းပါခင်ဗျာ...။

No comments:

Post a Comment