Sunday, February 14, 2010

ပြန်စာ

ဖုန်းဆက်တာနည်း

စာရေးတာကျဲရင်

မင်းထင်မယ်

အချစ်တွေနည်း

အသစ်တွေနဲ့တွဲပြီလို့...။


မဟုတ်ပါဘူး...ကလေးရေ

စက္ကန့် နှင့်အမျှ ဒီရင်ဘတ်ထဲက

ချစ်နေတဲ့ စိတ်

တိုးပွားနေတဲ့ မေတ္တာ

စောင့်စည်းနေတဲ့ သစ္စာတွေက

အလုံးအရင်းနဲ့မင်းရနေတဲ့အရာတွေပေါ့...။


ညီမလေးသိလား...?

သစ္စာတရားဟာ စာရွက်ပေါ်မှာမရှိဘူး

သစ္စာတရားဟာ စကားလုံးတွေထဲမှာမရှိဘုး

သစ္စာတရားဟာ ဘယ်ဘက်ရင်အုံနားမှာ

အချစ်နဲ့ အတူရှိတယ်။

(ညီမလေး သို့ ရည်စူးပါသည်။)