Sunday, December 20, 2009

ကဗျာနိဒါန်း...

ကဗျာဆိုတာ

နှလုံးသားကိုခြစ်ချုပ်

အသစ်တွေရေးထုတ်မှမဟုတ်ပဲလေ...။


ပြီတော့...ကဗျာဆိုတာ

ဝေါဟာရတွေဖောင်းပွ

စကားလုံးတွေထောင်းထောင်းထနေမှမဟုတ်ဘူး...။


နှလုံးသားရဲ့မှတ်တမ်း

အချစ်၊အနမ်း

အလွမ်း၊အကြမ်း

ကျွန်တော့်အတွက်တော့

ကဗျာဆိုတာ...ရင်ကွဲပန်းပေါ့။


လျှောက်ခဲ့တဲ့လမ်း

ကြုံဘူးတဲ့အလွမ်း

မျှော်လင့်ခဲ့အနမ်းတွေကို

ပေထက်မှာစာစီ

ခါတော်မှီတင်ဆက်

တိုက်ဆိုင်လို့ ပြုံးသူပြုံးလွမ်းသူလွမ်း

အင်း...ကဗျာဆိုတဲ့ပန်းက

ဒီလိုနဲ့(၁၂)ရာသီလန်းနေတာ...။

.....ကြေငြာချက်....

ပြုံးလိုက်စမ်းပါ

ဘာတွေနောက်ဆံတင်းနေတာလဲ

အပြုံးတွေကအခွန်လွတ်ပါတယ်...။


ခု...ခင်ဗျားနဲ့ကျွန်တော်

ကျွန်တော်နဲ့ခင်ဗျား

အဲဒီ လူမှုရေးဆိုတာတွေထားခဲ့ဗျာ...။


မသိစိတ်တွေက ကြိုးပျက်စွန်လိုဝေ့၀ဲလို့

ခင်ဗျားကတော့

မျက်နှာဖုံးတတ်ရတာ သဘောကျပုံရတယ်...။


ကျွန်တော်ဆီလာတဲ့အခါ

ခေါက်ရိုးကျိုးနေတဲ့စိတ်ကို တဆုံးဆန့်ထားဖို့လိုမယ်

နောက်.. ရိုးသားခြင်းနဲ့ရက်လုပ်ထားတဲ့ဝတ်ရုံတစ်ရုံကလွဲလို့

ဘာထည်ဝါမှုမှ ခင်းကျင်းပြစရာမလိုဘူး။

...................

စာကျက်ပျင်းတဲ့သူကိုမှ အိမ်စာတွေပေးနေမိလားကွယ်...

ဘ၀ဆိုတာကခပ်ရှုပ်ရှုပ်ချည်ထားတဲ့ ကြိုးတစ်ချောင်းရယ်ပါ။


သူငယ်ချင်းရေ...

ဘာလို့ချစ်သူဖြစ်ချင်ရတာလဲ

ချစ်သူဆိုတာငါအတွက်တော့

စာအုပ်တစ်အုပ်ရဲ့ နောက်ဆုံးစာမျက်နှာလိုပဲ

နင်ကိုပြောစရာစကားမရှိတဲ့အခါမှာ

ချစ်တယ်လို့ပြောမယ်…..။


နပိုလီယန်ကပြောတယ်

သူ့ အဘိဓာန်မှာ ”မဖြစ်နိုင်ဘူး” ဆိုတာမရှိဘူးတဲ့

အင်း…အဲဒီစာရွက်ကိုပိုးဟတ်ကိုက်သွားလို့ထင်တယ်

အဲဒီလိုဆင်ခြေလက်ခြေနဲ့

အိပ်မက်အသေတွေကိုလိုက်ဖမ်းနေတဲ့ကောင်ပေါ့။


အချစ်ဆိုတာပြဇာတ်မဟုတ်ဘူးတဲ့

မရယ်ပါနဲ့

အဲဒီစကားကိုပြဇာတ်ထဲမှာကြားဘူးတယ်။

ကြယ်ပျက်

သူ...ဒဏ်ရာတွေနဲ့ လဲပြိုကျချိန်

တွဲခိုထဖို့ လက်တစ်စုံကမ်းခဲ့သူပါ။


သူ...မျက်ရည်တွေဝေသီချိန်

ဖြေရီဖို့ ဟာသတွေပြောခဲ့သူလေ


သူငိုမှာကို မိုးပြိုမှာထက်ကြောက်ခဲ့တဲ့သူပါ...


အဲဒီလိုပေဆပ်ခြင်းတွေအကြိမ်ကြိမ်စိုက်ပျိုးခဲ့တာတောင်

သူကတော့

ရက်စက်ခြင်းတွေနဲ့ မျှော်လင့်ချက်တွေကိုအခါခါ ရိုက်ချိုးသွားတယ်။

ညိုနေတဲ့မိုးဟာ ဒီဇင်ဘာ(၂၁)မှာတကယ်ပြိုခဲ့တယ်...


ကောင်မလေးရေ.....

အမှတ်ရနေဖို့ တစ်ခုပဲတောင်းဆိုပါရစေ

နင့်အတိတ်မှာငါဟာ

ပေဆပ်ခြင်းတွေနဲ့ မှိန်ဖျော့စွာလင်းလက်ဘူးတဲ့ကြယ်တစ်စင်းအဖြစ်လေ...။

သူ သို့ မဟုတ် ဘဝများ၏သခင်

သူ...ဘဝများဖန်ဆင်းဖို့ ရောက်လာခဲ့သောသူ

ဘဝများရှင်သန်လာ၏။

ရုတ်တရက်ထွက်ခွာသွားသည်။

ဖန်ဆင်းခဲ့သောဘဝများအား

မရေရာသည့်မျှော်လင့်ခြင်းများနှင့်ထားခဲ့သည်။


သူ...ပြန်လာသည်။ပြန်ထွက်သွား၏။

ဤတကြိမ်တွင်လည်း

ဖန်ဆင်းခဲ့သည့်ဘဝများထံ

ခွဲခွာခြင်းနှင့်ငိုကြွေးခြင်းများအပ်နှံခဲ့သည်။


သူ...ရှိနေတုန်းကတော့

နေရောင်ကိုပူလောင်သည်ဟုထင်မှတ်ခဲ့သောဘဝများ

သူ ထွက်ခွာသွားတော့မှ

နေရောင်မရှိသောဘဝများအမှောင်ထဲတွင်ပိတ်မိနေကြ၏။

ပင်လယ်၌ပျော်ရွှင်ခြင်းတို့ ကျပျောက်ကုန်၏။


သူ...မမြင်နိုင်တောသော်လည်း

သူ့ ကိုဘဝများမမေ့နိုင်ကြသလို

သူသည်လည်းဘဝများအားမေ့နိုင်ဖို့ ရာခက်ခဲပေမည်။

အဘယ်သို့ ဆိုသော်

သူ...ဖန်ဆင်းခဲ့သည့်ဘဝများထဲတွင်

ငါတို့ သည်အတောက်ပဆုံးအတောက်ပဆုံးအဖြစ်တည်ရှိ၏


သူ...ကြယ်တပွင့်အဖြစ်တည်ရှိနေသည။်

ငါကျေနပ်၏။

ထိုကြယ်ပွင့်အားလိုက်ရှာရရန်

ကျန်ရှိသောဘဝများက ငါ၏ဘဝအားတာဝန်ပေးအပ်၏။


သူ...အဘယ်နေရာမျိုး၌လင်းလက်နေမည်နည်း

ငါလိုက်ရှာမည်

ခွဲခွာခြင်းနှင့်ငိုကြွေးခြင်းအား

ပြန်လည်ပေးအပ်လိုသည့်

ကျန်ရှိသောဘဝ၌

မရေရာသောမျှော်လင့်ခြင်းများဖြင့်

ရှာဖွေနေသောငါကို

သူ...ကောင်ကင်မှမြင်နိုင်ပါစေ

ငါဆုတောင်း၏။


(သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာလေးပါ...။)

Saturday, December 19, 2009

ကျွန်တော်ကဗျာ...

ကဗျာဆိုတာ

နှလုံးသားကိုညစ်ချုပ်

အသစ်တွေရေးထုတ်မှမဟုတ်ပဲလေ...။


ပြီတော့.. ကဗျာဆိုတာ

စာသားတွေဖောင်းကြွ

စကားလုံးတွေထောင်းထောင်းထနေတဲ့

ဟင်းတစ်ခွက်လဲမဟုတ်ဘူးလေ

နှလုံးသားရဲ့မှတ်တမ်း

အချစ်အနမ်း အလွမ်းအကြမ်း

ကျွန်တော်အတွက်တော့

ကဗျာဆိုတာ ရင်ကွဲပန်းပါ...။


လျှောက်ခဲ့တဲ့လမ်း

ကြုံဖူးတဲ့ အလွမ်း

မျှော်လင့်ခဲ့အနမ်းတွေကို

ပေထက်မှာစာစီ

ခါတော်မှီတင်ဆက်

ဒီလိုနဲ့...

တိုက်ဆိုင်လို့

ပြုံးသူပြုံး လွမ်းသူလွမ်း

အင်း...ကဗျာဆိုတဲ့ပန်းက

ဒီလိုနဲ့(၁၂)ရာသီလန်းနေတာ.....။

Friday, December 18, 2009

ကုစားခြင်း...

သူငယ်ချင်...

အလွမ်းတွေကို မေ့ပျောက်ဖို့

GRANDတစ်တောင့် ဖောက်လိုက်မလား...?


ဒါမှမဟုတ်

သံယောဇဉ်တွေကို ခုတ်ပိုင်းဖို့

B.E တစ်ပိုင်းလိုသလား...?


မဖြစ်နိုင်ပဲလေ

B.E,GRANDကြောင့်

မင်းမူးပြီးမှောက်ရုံလွဲလို့

ရင်ထဲက...

ရဖူးတဲ့ ဒဏ်ရာ

ကျန်ခဲ့တဲ့ ဝေဒနာက

အသူရာနဲ့ဘီယာ

မူယာနဲ့ဖြူပြာ

ဘယ်လိုအစားထိုးထိုး

ရင်ထဲကမိုးကသည်းမှာပဲ...။


(ဘော်ဘော်တစ်ယောက်အတွက်...)

ချစ်သူသို့......

ဘာလို့ချစ်လဲ မမေးနဲ့

နှလုံးသားရဲ့ခံစားချက်ကို

ဥနှောက်ကြီးကလိုက်မမီလို့...။


အချစ်ကဘာလဲ မမေးနဲ့

ရှင်းပြဖို့

ဝေါဟာရတွေနည်းလွန်းလို့...။


ဘယ်လောက်ချစ်လဲ မမေးနဲ့

နှိုင်းပြစရာ

စကြာဝဠာကငယ်သေးလို့...။


ကဲ ကောင်မလေးရေ...

ဘယ်ထိချစ်မလဲဆိုတာလဲ မမေးနဲ့တော့

ဘာလို့လဲသိလား?

ကိုယ်ဟာ မင်းအချစ်နဲ့အသက်ရှင်နေလို့ ...။